Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label Asia News. Show all posts
Showing posts with label Asia News. Show all posts

အိမ်မြေပိုင်ဆိုင်ခွင့်ရှိ နိုင်ငံခြားများ အား စင်ကာပူသားများ မကျေနပ်

 
PropertyGuru သုတေသနက ပြုလုပ်သော စစ်တမ်းလေ့လာချက်အရ ၆၆% သော စင်ကာပူသားများက နိုင်ငံခြားသားများစင်ကာပူတွင် အိမ်မြေ၀ယ်ယူခြင်းကို ဆန့်ကျင်ကြ ကြောင်း ဖေါ်ပြသည်။ အစိုးရ၏ နိုင်ငံခြားသား အား အရေးပေးသော ဥပဒေကြောင့် တိုင်းခြားသားများအိမ်မြေ ပိုင်ဆိုင်လာခြင်းကို လွန်ခဲ့သော နှစ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုဆန့်ကျင်လာကြကြောင်းသိရသည်။ သို့သော နိုင်ငံခြားသားများ အိမ်မြေပိုင် ဆိုင်ခြင်း ဆိုသော အယူအဆ သည် အမျိုးသား ရေး နိုင်ငံရေးရာများနှင့် ဆက်စပ်နေသည့် အရေး ကိစ္စဖြစ်သည်။ စင်ကာပူရှိ မြေယာပိုင်ဆိုင်မှုသည် ဂုဏ်သိက္ခာနှင့်သက်ဆိုင်နေ၍ စင်ကာပူ သားများသာ ရထိုက်သည်ဟု ယုံကြည်နေကြေသည်။ သို့သော အဆိုပါ နိုင်ငံခြားသားများက ပြည်တွင်း စီးပွားရေး တွင် တန်ဖိုးရှိ သော ရင်းနှီးမြုပ်နှံသူများဖြစ်နေ၍ ကိုယ်ပိုင် အိမ်ယာနှင့် မြေကို စင်ကာပူတွင်ပိုင်ဆိုင်လိုကြသည်။နိုင်ငံခြားသားများအနေဖြင့် စင်ကာပူ တရားရေး ၀န်ကြီးဌာန၏ ခွင့် မပြု သမျှ အိမ်မြေ ၀ယ်ယူခွင့်မရှိဟု သတ်မှတ်ထားသည်။ ၀ယ်လိုသောနိုင်ငံခြားသားများအနေနှင့် သတ်မှတ်ထားသောစံနှုန်းများနှင့် ကိုက်ညီမှသာ တရားရေးဝန်ကြီးဌာနက ခွင်ပြုချက်ပေးပါသည်။ ၀ယ်ယူမည့် အိမ် မြေတွင် PR ရရှိထားသူများ သာ နေထိုင်ရခြင်း၊ ၀င်ငွေမြင့်မားခြင်း၊ သက်မွေးဝမ်းကြောင်းပညာ တက်မြောက်ခြင်း ၊ အလုပ်အကိုင်အတွေ့အကြုံရှိခြင်း၊ နှင့် ပုဂ္ဂလိက နှင့် အစိုးရ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံထားသူဖြစ်ခြင်း စသော တင်းကျပ်သည့် စည်းကမ်းများကို ချမှတ်ထားသည်။ထို့ပြင် ၃နှစ်အတွင် တဆင့်ပြန်လည်ရောင်းချခြင်းမပြုရန် နှင့် စတုရန်းမီတာ ၁၅၀၀၀ထက် ကျော်လွန်ခြင်းမရှိရ ဟု သတ်မှတ်ထားသည်။သို့သော နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများကို အထူးဆွဲဆောင်ထားသော ဆန်တိုဆာ ပင်လယ်အော် ၌ သာ အထူးသတ်မှတ်များဖြင့် ဘန်ဂလို နှင့် မြေကွက်များကို ၀ယ်ယူခွင့်ပြုထားသည်။

မလေးရှားရောက် UNHCR အသိအမှတ်ပြု ဒုက္ခသည်များ မှတ်ပုံတင်ရန် အမိန့်ထုတ်ထားခြင်းမရှိဟု ဆို

မလေးရှားရောက် UNHCR အသိအမှတ်ပြု ဒုက္ခသည်များ မှတ်ပုံတင်ရန် အမိန့်ထုတ်ထားခြင်းမရှိဟု ဆို

မလေးရှား ပြည်ထဲရေး ၀န်ကြီး Hishammuddin Hussein က တရားဝင် ဒုက္ခသည်များ
အား အလုပ်သမား မှတ်ပုံတင်ရန် ပြည်ထဲရေး ၀န်ကြီးဌာန မှအမိန့်ထုတ် ထား ခြင်းမရှိ ကြောင်းသိရသည်။ ဒုက္ခ လူဝင်မှု ကြီးကြပ်ရေး ရုံးချုပ် သို့ အလုပ်သမား မှတ်ပုံတင် ရန် ရောက်လာကြသော ဒုက္ခသည် ၁၀၀၀၀ ခန့်မှာ ရုံးချုပ် အပြည့်အ၀ လက်ခံ မဆောင်ရွက်
နိုင်သဖြင့် အများစုသည် မှတ်ပုံတင်မလုပ်နိုင်ပဲ ပြန်သွားခဲ့ရပြီးနောက် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။“ ဒါပေမယ့် UNHCR နဲ့တော့ ဆက်လက် ဆွေးနွေး ဆောင်ရွက် နေပြီး အဆိုပါကဒ် ကိုင်ဆောင်ထား သူများ ကို လ၀က တစ်ရုံးလုံး ပြည့်လျှံ မသွားအောင်
အစဉ်လိုက် လာရောက် လုပ်ကိုင်ဖို့ ပြောဆိုပါတယ်။” ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ အမိန့် ထုတ်ပြန်တာမျိုး မရှိပါဘူး.. UNHCRကဒ် ကိုင်ဆောင် သူတွေ စနစ်တကျ မှတ်ပုံတင် သွားနိုင်ဖို့ အတွက် UNHCR နဲ့ စေ့စပ် ဆောင်ရွက် နေပါတယ်”.. ဟု ၄င်းက ဆိုပါသည်။
6P အစီအစဉ် မှာ မလေးရှား၌ တရား မ၀င် နေထိုင်သူ နိုင်ငံခြားသား အလုပ်သမား
များအတွက် ရည်ရွယ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် တရားဝင် နိုင်ငံခြားသား
အလုပ်သမား များကလည်း မှတ်ပုံတင် ရန် လိုအပ်ကြောင်းသိရသည်။ UNHCR
အသိအမှတ်ပြု ဒုက္ခသည်များအနေဖြင့် အလုပ်သမား မှတ်ပုံတင်ခဲ့ပါက မူရင်း နိုင်ငံ ဆီ ပြန်ပို့ခံရမည်ကို အထူးစိုးရိမ်နေကြသည်။ ပြည်ထဲရေးဝန်ကြီး လက်ထောက် Alwi Ibrahim ကတော့ ဒုက္ခသည်များကို သီးသန့်ဆောင်ရွက်ပေးမည်ဟု ပြောကြားသည်။
“သူတို့ (ဒုက္ခသည်တွေ) အရင်ဆုံး 6P အစီအစဉ် အရ မှတ်ပုံတင်ပါ၊ နောက်ပိုင်း မှာ တခြား တရားမ၀င် အလုပ်သမားတွေနဲ့ သီးခြား ခွဲထားမှာပါ” ဟု ဆိုသည်။ မလေးရှား ရှိ တရားဝင် နှင့် တရားမ၀င် အလုပ်သမား ပေါင်း ၂၂၃၇၉၇၈ ခန့်အား မှတ်ပုံတင်ပြု လုပ်ပေးခဲ့ပြီး ဖြစ် သည်။

တရားမ၀င် အလုပ်သမား ၂.၂ သန်းခန့်ကို အလုပ်သမား မှတ်ပုံတင်ပြုလုပ်ပေးနိုင်ခဲ့ဟု ဆို


 



တရားမ၀င်နိုင်ငံခြားအလုပ်သမားများအား မှတ်ပုံတင် ထုတ်ပေးရေးအစီအစဉ် ဖြင့် နိုင်ငံခြားသား ၂.၂ သန်းခန့်ကို မှတ်ပုံတင်ထုတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein က Biometric နည်းပညာဖြင့် ၄င်းတို့ ကို မှတ်ပုံတင်နိုင်ခဲ့၍ နိုင်ငံ့လုံခြုံရေးအတွက် အရေးကြီးသော အဆင့်ကို လုပ်ဆောင်နိုင် ခဲ့ကြောင်း ပြောပါသည်။

“ 6P စီမံချက် က တရားမ၀င်နေထိုင်သူတွေကို မှတ်ပုံတင်လုပ်ပေးရုံသက်သက်သာ မဟုတ်ပါဘူး၊ အနာဂတ်မျိုးဆက်တွေရဲ့ လုံခြုံစိတ်ချ မှုကို အကာကွယ် ပေးနိုင်ဖို့ အသေးစိတ်လေ့လာပြိးတဲ့နောက်မှာ ဒီလိုအကောင်အထည်ဖေါ်ခဲ့တာ ပါ ” ဟု ဆိုသည်။ အလုပ်သမားမှတ်ပုံတင် မပြုလုပ်သေးသူများရှိနေသေး သဖြင့် သြဂုတ် ၃၁ရက်အထိ ဆက်လက်မှတ်ပုံတင်ပြုလုပ်ပေးသွားမည် ဟု သိရသည်။

လက်တလော ကာလအတွင်း လူမှောင်ခို လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၁ဦးကိုလည်း နိုင်ငံတွင်းမှ မောင်းထုတ်နိုင်ခဲ့သည်။ သို့သော လူအခွင့်အရေးစောင့်ကြည့်အဖွဲ့များက တရုတ်အစိုးရ ၏ အဖိနှိပ်ခံ Uighur တိုင်းရင်းသား ၁၁ဦး ကိစ္စနှင့် ပတ်သက်၍ မလေးရှားအစိုးရအပေါ် အပြင်းအထန် ဝေဖန်ခဲ့သည်။ တရားဝင် မှတ်ပုံတင်ထုတ်ပေးရေးအစီအစဉ်ကို နံနက် ၁၀ နာရီမှစ၍ နိုင်ငံတ၀ှမ်းတွင် ပြုလုပ်ပေးလျက်ရှိနေသည်။

Singapore ကွန်ဒိုများ ဘဏ်ချေးငွေဖြင့် ဝယ်လို့ရပြီ

 




စင်ကာပူနိုင်ငံရှိ အဆင့်မြင့် အိမ်ရာများအား မြန်မာကျောင်းသားမိဘ အချို့ ဝယ်ယူလာကြပြီး နှစ် ၃ဝ ဆပ်ရမည့်ချေးငွေကို အတိုးနှုန်း သက်သာစွာ စီစဉ်ပေးမည့်ဝန်ဆောင် မှုများ ပါဝင်လာကြောင်း စင်ကာပူ နိုင်ငံ ERA အေဂျင်စီမှ ဈေးကွက် ဒါရိုက်တာ မမေသူက ပြောသည်။

စင်ကာပူနိုင်ငံတွင် ယင်းကဲ့သို့ အိမ်ရာများ ဝယ်ယူလိုပါက နိုင်ငံသားဖြစ်ရန် မလိုသည့်အပြင် ပထမ အရစ်အနေဖြင့် တန်ဖိုး၏ ၂ဝ ရာ ခိုင်နှုန်းကို Far East ဆောက်လုပ်ရေးသို့ ပေးသွင်းရမည်ဖြစ်သည်။

ကျန်ရှိသော၈ဝရာခိုင်နှုန်းကိုအတိုးနှုန်း သက်သာစွာဖြင့် အများဆုံး နှစ် ၃ဝ အထိ ပြန်ဆပ်ရသော ချေးငွေရရှိရန် စင်ကာပူရှိ UOB ဘဏ်က စီစဉ်ပေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

”ကျွန်မတို့ အေဂျင်စီက စင်ကာပူမှာရှိတဲ့ ရောင်းမယ့်အိမ်တွေကို iPad မှာ အကုန်ထည့်လာတယ်။ ဝယ်သူတွေ စင်ကာပူသားကြည့်စရာမလိုဘဲ ရွေးချယ်နိုင်အောင်ပါ။ ကွန်ဒိုတစ်ခုကို ကြိုက်ပြီဆို စကြည့် တဲ့အချိန်ကနေ UOB ဘဏ်ကနေ ချေးငွေရရှိဖို့အထိ တာဝန်ယူပေးပါတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါ ERA အေဂျင်စီ၊ UOB ဘဏ်နှင့် Far East ဆောက်လုပ်ရေးတို့ ပူးပေါင်း၍ စင်ကာပူ နိုင်ငံမှ ထိပ်သီးအိမ်ရာရောင်းဝယ်ရေး ဈေးကွက် ဆွေးနွေးပွဲကို ၂ဝ၁၁ ခု၊ စက်တင်ဘာ ၃ ရက်တွင် ကုန် သည်ကြီးများဟိုတယ်၌ ကျင်းပခဲ့ ရာ ၄င်းအစီအစဉ်များအား ရှင်းလင်းခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ကွန်ဒိုများအား နိုင်ငံသားများအဖြစ် တရုတ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံ မှ ကျောင်းသားမိဘအချို့ ဝယ်ယူမှုများရှိနေကြောင်းလည်း ၄င်းက ပြောသည်။ UOBဘဏ်မှ ငွေချေးရာတွင် မိမိ၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုပြရန်မလိုဘဲ မည်သည့်လုပ်ငန်းလုပ်ကိုင်နေသည်ကိုသာ ပြရမည်ဖြစ်သည်။

ချေးယူထားသောငွေကို ၂ နှစ်အတွင်း ပြန်ဆပ်လိုက ဆပ်နိုင်ပြီး စင် ကာပူဒေါ်လာ ၂ သိန်းကိုမူ မဖြစ်မနေ ချေးယူရမည်ဖြစ်ကြောင်း ၄င်း က ထပ်လောင်းဆိုသည်။ ၄င်းကွန်ဒိုများ၏ အနိမ့်ဆုံး ဈေးမှာ စင်ကာပူဒေါ်လာ ၁ မီလျံ မှ အမြင့်ဆုံး ၃ဝ မီလျံအထိရှိ ကြောင်း သိရသည်။

”ကွန်ဒိုတစ်လုံးမှာ အခန်းတွေ အများကြီး ပါပါတယ်။ ဒီအခန်းတွေ ပေါ်မူတည်ပြီးတော့ စင်ကာပူအစိုးရက အခွန်ကောက်တယ်။ ကိုယ်ပိုင်နေရင် ၄ ရာခိုင်နှုန်း၊ အိမ်ငှား မယ်ဆိုရင် ၁ဝ ရာခိုင်နှုန်း နှစ်စဉ် ပေးရပါတယ်” ဟု ၄င်းက ဆက် လက်ပြောသည်။

၎င်း အေဂျင်စီအနေဖြင့် အဆိုပါ ဆွေးနွေးပွဲမျိုးကို မြန်မာနိုင်ငံ၌ ၆ လ တစ်ကြိမ် ပြုလုပ်သွားရန်စီစဉ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် ဒေါ်ဥမ္မာတင်မောင် (ရန်ကုန်) ဝ၉ ၅၁၅၁၃၂၃ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။